วันจันทร์ที่ 22 มิถุนายน พ.ศ. 2558

အစွန်း သို့မဟုတ် အလယ်

*အစွန်းနှစ်သွယ်၊ လမ်းမှားဖယ်
အလယ်လမ်းမှန်ဖြစ်သည်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြစ်ပေါက်
ဆိုက်ရောက်နိဗ္ဗာန်ပြည်။

         (မဟာစည်ဆရာတော်ဘုရာကြီး)

ကောင်းရာညွှန်လက်

*ထောင့်ကြိုထောင့်ကြား၊ ဟိုအနား၊ စကားဆူလောင် မပြောနဲ့။
*နှစ်ယောက်တစ်ပြူး သုံးယောက်တစ်တွဲ ဟိုခန်းထဲ၊ ရယ်ပွဲခံ၍မနေနဲ့။
*သုံးရေ၊ သောက်ရေ မရှိချေ၊ ရေကိုခပ်ကွဲ့ မကပ်နဲ့။
*အတက်အဆင်း၊ ဖြည်းဖြည်းနင်း၊ ကြမ်းနင်းမပြင်းကြစေနဲ့။
*ဆရာသမား၊ ကျိန်းစက်ငြား၊ စကားများ၍ မနေနဲ့။

          (အဂ္ဂမဟာပဏ္ဏိတ၊ ဘဒ္ဒန္တဉာဏိက)
     အုတ်တွင်းမြို့၊ ကန်ကလေးတောရဆရာတော်

လိုအပ်တယ်

*ဒါနတရားကိုလည်းကောင်း၊ သီလတရားကိုလည်းကောင်း၊ သစ္စာတရားကိုလည်းကောင်း၊ မေတ္တာတရားကိုလည်းကောင်း၊ အဓိဋ္ဌာန်တရားကိုလည်းကောင်း၊ မည်မျှပင်နှစ်သက်၍ ကျင့်ကြံအားထုတ်ကြသည်ဖြစ်ပါစေ။ မိမိကိုယ်တိုင်က ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာ၊ ကိုယ်ကိုယ်တိုင်ကျင့်ဆောင်ရမည့် လူ့ယဉ်ကျေးမှူ များကို ပထမဆုံး လေ့ကျင့်အားထုတ်ဖို့ လိုအပ်လာပါလိမ့်မယ်။

               (ဘဒ္ဒန္တဝေပုလ္လ)ပြည်မြို့
      ဝေပုလ္လရာမကျောင်းဆရာတော်ဘုရားကြီး

အချိန်

*အချိန်သိနားလည်ခြင်းဟူသည် အလုပ်တစ်ခုကို သူ့အချိန်နှင့်သူ မှန်မှန်လုပ်လျှင် ထိုအလုပ်မှာ ချောမောစွာ ပြီးမြောက်၏။ အလုပ်၌ချို့တဲ့ချက်မရှိပေ။ ထိုသို့မဟုတ်ပါပဲ အချိန်လွန်မှ စလုပ်လျှင်၊ အလုပ်သေသပ်မှူ မရှိနိုင်။ အချိန်မီ မပြီးစေဘဲ တစ်ပိုင်းတစ်စနှင့်သော်လည်း သိမ်းပိုက်ရပေတော့မည်။ ထို့ကြောင့် အချိန်လွန်ကဲခြင်းသည် အလုပ်အစမသတ်၊ မသေသပ်ခြင်းတို့ဖြင့် အလုပ်ရူပ်ထွေးအောင် ပြု လုပ်ခြင်းမည်သည်။ အချိန်မှန် ပြုလုပ်ခြင်းမှာ သေသပ်ချောမော မရှုပ်ထွေးသော အလုပ်ဖြစ်ကြောင်း တစ်ခုဟူ၍ပင် မှတ်ယူရပေသည်။

                         (အရှင်ဝါသေဋ္ဌာဘိဝံသ) သပြေကန်ဆရာတော်ဘုရားကြီး

တန်ဖိုးကို မမေ့ပါနဲ့

သင့်အနားမှာ လူတွေအများကြီး ရှိချင်ရှိမယ်၊ ဒါပေမဲ့ သင့်အပေါ် တကယ့်စိတ်ရင်းနဲ့ ဆက်ဆံတဲ့သူဆိုတာ အများကြီးမရှိဘူး ။
သင့်ခံစားချက်တွေကို သိတဲ့သူ အများကြီး ရှိချင်ရှိမယ်၊ ဒါပေမဲ့ တကယ့်ရင်ထဲကနေ နားလည်ပေးနိုင်တဲ့ သူဆိုတာ အများကြီး မရှိဘူး။
ဒီလိုပါပဲ...သင့်ကိုချစ်ပါတယ်လို့ ပြောတဲ့သူတွေ သင့်အနားမှာ အများကြီး ရှိချင်ရှိလိမ့်မယ်...ဒါပေမဲ့ သင်နဲ့ပက်သက်တဲ့ အဆိုးအကောင်းတွေကို လက်ခံပြီး သင့်ကိုရင်ထဲကနေ အချစ်စစ်နဲ့ ချစ်ပေးနိုင်တဲ့ သူဆိုတာ အများကြီး မရှိနိုင်တာ သေချာပါတယ် ။
အဲ့ဒါကြောင့် သင့်ကို တကယ့်စိတ်ရင်းနဲ့ နားလည်ပေးတဲ့သူ သင့်အပေါ် မေတ္တာနဲ့ ချစ်နေပေးတဲ့ သူတွေကို သင်ကလဲ တန်ဖိုးထားပေးဖို့ မမေ့ပါနဲ့ ။

              ပီတိ